0:00 / 0:00
မနှစ်က မရမ်းကုန်းမြို့နယ်နဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ထုတ်မှုတွေနဲ့ တရားရုံးက ဆင့်ခေါ်တာကို လာရောက်ခြင်းမရှိတာကြောင့် တရားခံပြေးအဖြစ်ကြေညာခံရတဲ့ ၈၈ငြိမ်း/ပွင့်အဖွဲ့က မနီလာသိန်းက သူ့ကို အာဏာပိုင်တွေက အသိပေးအကြောင်းကြားခြင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။
ဒါဟာ မြန်မာနိင်ငံကတရားဥပဒေမဏ္ဍိုင် ယိမ်းယိုင်နေတာကို ပြသနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မနီလာသိန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
