0:00 / 0:00
ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီက AA ၊ MNDAA ၊ TNLA အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ဖိတ်ကြားထားပေမယ့် တွေ့ဆုံမယ့်နေရာကို နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဆဲဖြစ်တယ်လို့ AA အဖွဲ့က ပြောပါတယ်။
AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
