0:00 / 0:00
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုပြီး တရားဝင်သတ်မှတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြည်ထဲရေး ဒုဝန်ကြီးက ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မိုးကျော် က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ၇ ထောင်ကနေ တစ်သောင်းကြားရှိပြီး အဲ့ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်အောင် လွှတ်တော်က ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ပြောပါတယ်။
AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မိုးကျော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
