0:00 / 0:00
သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့မှာ ဒီကနေ့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နဲ့ ရိုဟင်ဂျာတွေအရေး ဆွေးနွေးခဲ့ကြသလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီးလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွေအကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချို ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။