AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းနဲ့ မေးမြန်းချက်

0:00 / 0:00

ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့နယ် လွမ်ကဲလ်ယော့နယ်မြေက ရေညှိမုန့်ထုတ်လုပ်တဲ့စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄ဝဝ ကို အလုပ်ရှင်က အလုပ်ပြန်ခန့်ပေမယ့် အလုပ်သမား ၂ဝဝ လောက်က ဆက်မလုပ်ဘဲ အလုပ်ထွက်လိုက်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေကို အလုပ်ဖြုတ်တာနဲ့ ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန၊ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်ရှာပေးတဲ့ အေဂျင်စီတွေ၊ AAC မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။