0:00 / 0:00
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစတင်ပြီး တရားမဝင်အသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁)၊ ဖောက်ခွဲမှု ၄မှု နဲ့ ပြစ်ဒဏ်ကျခံထားရတဲ့ ဦးလဖိုင်ဂမ်ဟာ ကျန်းမာရေးဆိုးဝါးနေတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေ ရပါတယ်။
လုံလောက်တဲ့ဆေးကုသမှုပေးဖို့နဲ့ မတရားစွပ်စွဲပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဦးလဖိုင်ဂမ်ကို ပြန်လွှတ်ပေးဖို့ ဦးလဖိုင်ဂမ်ရှေ့နေ ဦးမာခါးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပြီးခဲ့တဲ့လ က စာပေးပို့တောင်းဆိုထားပေမယ့် အကြောင်းပြန်ကြားမှု မရှိသေးဘူးလို့ ပြောပါတယ်။
ဦးလဖိုင်ဂမ်ရှေ့နေ ဦးမာခါးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
