0:00 / 0:00
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ပေးကြဖို့ ရန်ကုန်အခြေစိုက် ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေး ပူးပေါင်းကော်မတီက မနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး၊ ပြည်တွင်းပြည်ပက စေတနာရှင်တွေကို ပန်ကြားလိုက်ပါတယ်။ ထောက်ပံ့ကူညီလိုသူတွေအနေနဲ့ ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၅၇၁၀၂၀၂၉၀၀၀၆၁၂၀၁ ကို တိုက်ရိုက်ဖြစ်စေ၊ ပူးပေါင်းကော်မတီကိုဖြစ်စေ ကူညီလှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပူးပေါင်းကော်မတီရဲ့ ဥက္ကဌ ဦးတင်ထူးအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
