ရခိုင်ပြည်နယ်အစိုးရ ခေါ်ယူသတိပေးခံရတဲ့ ALP ပါတီနဲ့ ဆက်သွယ်မေးမြန်းချက်

0:00 / 0:00

ရခိုင်လွတ်မြောက်ရေးပါတီ ALP က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က ပေါ်တာဆွဲတယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက ALP အဖွဲ့ပြန်ကြားရေးတာဝန်ခံကို ခေါ်ယူတွေ့ဆုံပြီး သတိပေးပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ALP ပါတီ ပြန်ကြားရေး ဒုတိယဥက္ကဌ ဦးခိုင်မျိုးထွန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။