တောင်ပြင်ရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်တွေ နုတ်ထွက်တဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၀၀ ကျော်ဟာ ဧပြီ ၁ ရက်နေ့ကစတင်ပြီး ပါတီဝင်အဖြစ်က နုတ်ထွက်လိုက်ပါတယ်။

မွန်ပါတီတွေအားလုံးပေါင်းပြီး တစ်ပါတီထဲဖြစ်မှ ပါတီဝင်အဖြစ် ပြန်လည်ပါဝင်တော့မယ်လို့ ပါတီကနေ နုတ်ထွက်လိုက်တဲ့ တောင်ပြင်ကျေးရွာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်မွန်စိုက် က ပြောပါတယ်။

ဦးနိုင်မွန်စိုက် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။