0:00 / 0:00
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ရခိုင်အမျိုးသားပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတွေကို တက်ရောက်နားထောင်တဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းလှိုင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
