ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင် ဦးမျိုးကျော်နဲ့ မေးမြန်းချက်

0:00 / 0:00

ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းဝေးရဲ့ ဆုံးဖြတ်ချက်အရ ANP အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖြစ်ကနေ ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ရခိုင်အမျိုးသားပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့ UNA က တာဝန်ရှိသူတွေ ဒီလအတွင်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ UNA နဲ့ မဟာမိတ်လက်တွဲလိုတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောပါတယ်။

ဦးမျိုးကျော်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။