အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ပြောသလို၊ မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့အတွက် တိုးတက်မှုဖြစ်မလာဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါကြောင့် လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်ပြုဖို့ ခက်လိမ့်မယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောလိုက်ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က သီးသန့်ဆက်သွယ် မေးမြန်းထားတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နုတ်တင်ပြထားပါတယ်။
