ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနဲ့ မေးမြန်းချက်

0:00 / 0:00

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို မဲ ၇၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနကနေ အငြိမ်းစားယူခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် လွှတ်တော်ထဲမှာ လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး အဓိက ဆောင်ရွက်သွားမယ်လို့ ဦးအောင်ကြည်သိန်း က ပြောပါတယ်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးအောင်ကြည်သိန်းကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။