0:00 / 0:00
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Ms.Yan Hee Lee က မနေ့က တင်သွင်းခဲ့ပါတယ်။
Ms. Yan Hee Lee တင်သွင်းတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဲ့ဒီညီလာခံ တက်ရောက်နေတဲ့ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
