ဦးအောင်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်

0:00 / 0:00

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဆောင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ပြည်နယ်လွှတ်တော်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းရေးကော်မတီရဲ့ အဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။