ဧရာဝတီတိုင်းမှာ မြေဧက ခြောက်ထောင်ကျော် ပြန်ပေး


2016.06.25

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နဲ့ ပန်းတနော်မြို့နယ်အတွင်း ယုဇနကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနတို့က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်ကို စွန့်လွှတ်ပေးတဲ့အတွက် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က မူလတောင်သူ ၃ဝဝ ကျော်ထံ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကေ်ာမတီ ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။