0:00 / 0:00
မြန်မာနိုင်ငံအထက်ပိုင်းကစတင်ခဲ့တဲ့ ရေဘေးဟာ အခုဆိုရင် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရေဘေးနောက်ဆုံးအခြေအနေ၊ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်၊ ရေဘေးဒဏ်ကြုံနေရတဲ့ ပုသိမ်မြို့က ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်ခင်ဆုရည်ဖြိုးတို့ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
