ဧရာဝတီတိုင်းအစိုးရဟောင်းနဲ့ ကျပ် ၅.၂ ဘီလီယံ

0:00 / 0:00

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို ပြန်ပေးမယ်ဆိုပြီး “ဧရာဝတီ ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်း” က အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။