ရာသီဥတု ဆိုးဝါးတာကြောင့် ပျက်စီးမှု သေဆုံးမှု ထုတ်ပြန်
2016.04.26
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စပြီး ၄ ရက်ဆက်တိုက် ရာသီဥတုဆိုးဝါးတာကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ချင်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ လူသေဆုံးမှုတွေ ရှိခဲ့သလို နေအိမ် တစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူတွေကို အစိုးရအဖွဲ့က ကူညီထောက်ပံ့ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။









