ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့ ဆွေးနွေး

0:00 / 0:00

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက် အစိုးရ၊ UNESCO နဲ့ ပြင်ပပညာရှင်တွေစုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အလားအလာနဲ့ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။