0:00 / 0:00
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာ တဝိုက်မှာ BGF နယ်ခြား စောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် မြိုင်ကြီးငူဆရာတော်က ဒေသခံ တစ်ထောင်ကျော်ကို မြိုင်ကြီးငူကျေးရွာမှာ ပြောင်းရွှေ့နေရာချပေးထားပါတယ်။
လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို မဲသဝေါဒေသမှာရှိနေတဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့က ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ် ဦးကျော်သီဟ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။
