0:00 / 0:00
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီး ငဝန်မြစ်ထဲမှာ လူတွေတင်ဆောင်လာတဲ့ မော်တော်တစ်စီးနဲ့ ကျောက်တင်စက်လှေတစ်စီး မနေ့ညက တိုက်မိရာမှာ လူအယောက် ၂၀ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃၁ ဦး ရှိပါတယ်။
အဲဒီစက်လှေဟာ ငပုတောမြို့နယ် ရခိုင်ကုန်းကျေးရွာကနေ ပုသိမ်မြို့မှာ ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ပြီး အပြန်မှာ တိုက်မိတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ခန့်မှန်း လူ ၉ ဦးလောက် ပျောက်ဆုံးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။ ဝန်ကြီး ဦးကျော်မြင့်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
