0:00 / 0:00
အစိုးရသစ်လက်ထက်မှာ အနုပညာလွတ်လပ်ခွင့်ကို အစိုးရကတာဝန်တစ်ခုယူပြီး ကာကွယ်ပေး စေချင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကာတွန်း တစ်ကွက်ကြောင့် ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သွားခဲ့ရတဲ့ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ပြောပါတယ်။ ကာတွန်းမောင်မောင်ဖောင်တိန်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
