တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က ဗိုလ်ကြီး အောင်မျိုးထက် ပြည်သူ့ဘက်ကို ကူးပြောင်းရောက်ရှိ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021-10-22
Share

လက်ရှိ အာဏာသိမ်းစစ်တပ်ထဲမှာ ရှိတဲ့ စစ်သွေးကြွအရာရှိ ၇ဝ ရာခိုင်နှုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သစ္စာခံမှာ ဖြစ်ပေမယ့် ကျန်တဲ့အရာရှိ ၃ဝ ရာခိုင်နှုန်းအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်ချက်ခိုင်မာမှုနဲ့ ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကြောင့် နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်မှာဖြစ်တယ် လို့ တပ်မ (၆၆) လက်အောက်ခံ ခြေလျှင်တပ်ရင်း (၈ဝ) ကနေ ဒီရက်ပိုင်းအတွင်း ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်ကြီး အောင်မျိုးထက် က ပြောပါတယ်။

စကစ လက်အောက်ခံတပ်ဖွဲ့တွေဟာ စိတ်ဓာတ်ပျက်ပြားနေကြပြီဖြစ်သလို စစ်ပန်းနေကြပြီလို့လည်း သူကပြောပါတယ်။ လွတ်မြောက်နယ်မြေရောက် ဗိုလ်ကြီး အောင်မျိုးထက် ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့