ကာတွန်းပြပွဲ ကြိုးပမ်းမှု ကာတွန်းဆရာ အမြင်

လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် အထက် မြန်မာပြည် ကသာမြို့မှာ ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ဦးဆောင်ပြီး ကာတွန်းပြပွဲ ကျင်းပဖို့ ကြိုးစားလျက်ရှိရာမှာ ဒေသခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်းရတာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။