ကွန်တိန်နာထဲ ပိတ်မိပြီး သေဆုံးခဲ့တဲ့ မြန်မာ ၃၉ ဦးအတွက် ထိုင်းအစိုးရ နစ်နာကြေးပေးမည်

0:00 / 0:00

လွန်ခဲ့တဲ့ ၉ နှစ်လောက်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားစဉ် အအေးခန်း ကွန်တိန်နာကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၅၄ယောက်ထဲက ၃၉ ယောက်အတွက် ထိုင်းအစိုးရက လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ နစ်နာကြေးပေးမယ်လို့ ကော့သောင်းမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ဒုရဲမှူးကံဝင်း က ပြောပါတယ်။

ဒုရဲမှူးကံဝင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။