မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံး ခေါ်ရေး ကြိုးပမ်းမှု
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.29
2021.11.29
အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်ဆေးမယ့် အမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အားလုံးကိုပါ ထည့်သွင်း တင်ပြသွားမယ်လို့ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့က ပြောပါတယ်။
ဒီအမှုမှာ တရားခံဖြစ်တဲ့ စစ်ခေါင်းဆောင်တွေကို တရားရုံးခေါ်ယူစစ်ဆေးဖို့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) ရဲ့ အကူအညီကို တောင်းခံမယ်လို့လည်း တရားလိုအဖြစ် လျှောက်ထားစွဲဆိုခဲ့တဲ့ BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဦးထွန်းခင်ကို ဆက်သွယ်မေးမြန်းထား ပါတယ်။