နယ်စပ်အခြေစိုက် CSO တွေ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့


2016.07.27

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေစိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ လောက်က တိုင်းပြည် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် မူလနိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့အပြင် နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုလိုက်ပါတယ်။ မနေ့က ရက်စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာဖြစ်ပါတယ်။

အဲဒီပေးပို့တဲ့အထဲမှာ ပါဝင်တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆုမွန် ကို RFA သတင်း ထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။