0:00 / 0:00
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သြဂုတ် ၁၇ ရက်နေ့ တရုတ်နိုင်ငံသို့သွားရောက်မယ့် ခရီးစဉ်တွင်း နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြုပ်နှံမှုကိစ္စအပြင် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့လည်း အဓိက ဆွေးနွေးနိုင်တယ်လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။ ဒေါက်တာ ဒေါ်လှကျော်ဇောကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
