ငြိမ်းချမ်းရေးရန်ပုံငွေကို ချွေတာဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော

2016-12-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးပြုတဲ့ ရန်ပုံငွေတွေဟာ အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး ပိုင်ဆိုင်တဲ့ ငွေကြေးဖြစ်တဲ့အတွက် ခြွေတာကြဖို့နဲ့ လိုအပ်တဲ့ နေရာတွေမှာ အကျိုးရှိရှိ စိစစ်သုံးစွဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရန်ကုန်မြို့ NRPC ရုံးမှာ ဒီနေ့ ပြူလုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ JBC အစည်းအဝေးမှာ ပြောပါတယ်။

JBC အဖွဲ့မှာ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ်ပါဝင်တဲ့ ကရင်အမျိုသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့