0:00 / 0:00
NLD ပါတီ ကိုယ်စားလှယ်တွေကို မကျေနပ်တာတွေရှိရင် တိုင်ကြားနိုင်ဖို့အတွက် NLD ပါတီ ရဲ့တိုင်ကြားရေးဌာနကို စနေနေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဒီဌာနကို ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် CEC ဒေါက်တာမျိုးညွန့်က ဥက္ကဌအဖြစ်တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ဒေါက်တာမျိုးညွန့်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
