NLD အစိုးရသစ်အတွက် စိန်ခေါ်မှု၊ ဒေါက်တာစိန်ဝင်းနဲ့ မေးမြန်းချက်


2016.01.27

သမ္မတဦးသိန်းစိန် အစိုးရလက်ကနေ NLD အစိုးရအဖွဲ့သစ်လက်ထဲ နိုင်ငံရေးအာဏာလွှဲပြောင်းရေးအပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူ ဒေါက်တာစိန်ဝင်းနဲ့ ဆက်သွယ်တင်ပြချက်ကို နားဆင်ရမှာပါ။

လက်ရှိအမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အာဇာနည် ဦးဘဝင်းရဲ့သားဖြစ်သူ ဒေါက်တာ စိန်ဝင်းဟာ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ပြည်ပကနေ မြန်မာ့ဒီမိုကရေစီရေး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါက်တာ စိန်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။