0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်တာ မဟုတ်ဘူးဆိုပြီး ဒေသခံတွေက ၄ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြမေးမြန်းသွားမယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။
ဒေါက်တာသိန်းနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
