သပိတ်မှောက်ကျောင်းသားတွေကိစ္စ ဒေါက်တာသိန်းလွင်နဲ့ မေးမြန်းချက်

0:00 / 0:00

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက လျှို့ဝှက်သဘောထားဖြန့်ဝေတာတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အမြင်သဘောထားကွဲလွဲအောင် လုပ်ဆောင်နေတာတွေအပြင် လွှတ်တော်မှာ ခွဲခြားကြားနာတာတွေဟာ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို ပျက်ပြားအောင် လုပ်ဆောင်နေတာဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဒေါက်တာသိန်းလွင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။