မူးယစ်ဆေးဖမ်းတဲ့ သတင်းရဲတပ်ဖွဲ့ ပြန်လည်တိုက်ခိုက်ခံရ

2016-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာရဲ့တောင်ဘက် သစ်တောကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေးတစ်ဦးနဲ့ မူးယစ်ဆေးဝါးရောင်းချ နေတာတွေကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားလို့ သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။  အဲဒီအမှုနဲ့ဆက်နွယ်ပြီး တစ်ဦးကိုသာ ဖမ်းမိပြီး အယောက် ၂၀ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

မိုးညှင်းမြို့နယ် မိုင်းကျေးရွာကို ကွင်းဆင်းလေ့လာနေတဲ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့