ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို Eleven တောင်းပန်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

အဲဒီတောင်းပန်စာကို ဒီနေ့ထုတ် Daily Eleven သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ အခုလိုတောင်းပန်လိုက်တဲ့အတွက် အမှုအခြေအနေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလားဆိုတာကို ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ဦးကြီးမြင့် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org