အခြေခံဥပဒေပြုပြင်ရေး တိုင်းရင်းသားတွေရဲ့ သဘောထား

0:00 / 0:00

ဒီနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အရေးပါဆုံးကိစ္စရပ်တစ်ခုဖြစ်လာပြီး၊ ပြင်ဆင်ရာမှာ တစ်ချက်ချင်းပြင်ဆင်သွားသင့်တယ်ဆိုတဲ့ အယူအဆရှိသူတွေနဲ့ စလယ်ဆုံးတစ်ခုလုံး အသစ်ရေးဆွဲရမယ်ဆိုတဲ့ အယူအဆရှိသူတွေဆိုပြီး အုပ်စုနှစ်ခုပေါ်ပေါက်လာပါတယ်။

တိုင်းရင်းသားအများစုကတော့ တစ်ခုလုံးပြင်မှရမယ်ဆိုတဲ့ အယူအဆရှိကြတယ်လို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။