0:00 / 0:00
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ က အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက ရွေးကောက်ပွဲ ဥပဒေအရ တရားစွဲဆိုထားပါတယ်။ အဲဒီလိုတိုင်ကြားထားတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်တာကြောင့် အမှုရှုံးနိမ့်ခဲ့ရင်တောင် ဒုတိယမဲအများဆုံး အနိုင်ရခဲ့တဲ့ ဦးလှဆွေဟာ ကိုယ်စားလှယ် မဖြစ်နိုင်တော့ဘူးလို့ ဦးပြူးလွင်က ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။