ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တနိုင်ငံလုံး ဆန့်ကျင်ကြတဲ့ အတွက် ဆိုင်းငံ့ထားမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မကြာခင်ကပဲ ပြောကြားထားပါတယ်။
မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်ကမ်းလွန်သဘာဝ ဓာတ်ငွေ့တွေကို လည်း ဒေသခံတွေ အကျိုးအတွက်မဟုတ်ဘဲ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချမယ့် အစီအစဉ်တွေ အကောင်အထည်ဖော်နေပြီး ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့ဖို့ စီစဉ်နေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒေါ်မြရာဇာလင်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်း ထားပါတယ်။