Premier ကော်ဖီစက်ရုံကို အစိုးရက တရားစွဲမည်

0:00 / 0:00

အလုပ်သမားတွေကို အချိန်ပိုလုပ်ခ သိန်း ၅၀၀ လောက် ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံ ပိုင်ရှင်ကို အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

တရားစွဲဆိုမယ့် လှိုင်သာယာမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်ပေါ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။