0:00 / 0:00
တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မိုးကြီးပြီး ရေတိုက်စားတာကြောင့် နေအိမ် ၂ဝဝ ကျော် ပြိုကျပျက်စီးခဲ့သလို လမ်းတံတားတွေလည်း ပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် တပ်မတော် လေယာဉ်နဲ့သာ သွားလာနိုင်တဲ့ နေရာဖြစ်တာကြောင့် အခုမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
