မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ အစိုးရရဲ့ ကမ်းလှမ်းချက်

နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ Bilateral ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းနေတဲ့ကိစ္စ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးကို တရားစွဲထားတဲ့ ကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ ကိစ္စအတော်များများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ ထူးခြားချက်တွေကို သိနိုင်ဖို့အတွက် သမ္မတရုံးသတင်းစာရှင်းပွဲကို ရောက်နေတဲ့ RFA သတင်းထောက် မသက်စုအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။