0:00 / 0:00
၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှာ ကျောင်းအပ်နှံမယ့် ကျောင်းသားမိဘတွေဆီကနေ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းလက်ခံတာ၊ ကျောင်းသုံးပစ္စည်းရောင်းချတာတွေ မလုပ်ဖို့ ပညာရေးဝန်ထမ်းတွေကို ဝန်ကြီးဌာနက မနေ့က သတိပေးကြေညာချက်ထုတ်လိုက်ပါတယ်။ ဒါ့အပြင် အစိုးရက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအလိုက် ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံးပစ္စည်း ထောက်ပံ့တာတွေ၊ ကျောင်းလခ ကင်းလွတ်ခွင့်ပေးတာတွေ စီစဉ်ထားကြောင်း လည်း ပါရှိပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ပေးမယ့်အစီအစဉ်တွေကို အခြေခံပညာဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။
