0:00 / 0:00
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကျေးရွာ ၁၈ ရွာရေနစ်မြုပ်ခဲ့ပြီး ပုရစ်၊ ရေကောက်နဲ့ ပေါက်တော ကျေးရွာက နေအိမ် ၁၃၀ ကျော် ရေထဲမျောပါသွားခဲ့ပါတယ်။
ရေဘေးဒုက္ခခံစားနေရတဲ့ ဒေသခံတွေကို အစိုးရနဲ့ အရပ်ဖက်အဖွဲ့တွေက ကူညီပေးနေတဲ့ အခြေအနေတွေနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေအကြောင်း သံတွဲမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။
