နေအိမ်ကု ကိုဗစ်လူနာတွေအတွက် ဆရာဝန်အကြံပြုချက်
2021.07.25
နေအိမ်တွေမှာ ကုသနေရတဲ့ ကိုဗစ်လူနာတွေအနေနဲ့ ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသနည်းလမ်းယူကြဖို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ကိုဗစ်ဖြစ်ပွားမှု အခြေအနေနဲ့ ဆေးရုံ၊ ဆေးခန်းက လက်မခံလို့ နေအိမ်တွေမှာပဲ ကုသနေရတဲ့ လူနာတွေ သတိထားရမယ့် အချက်တွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။