0:00 / 0:00
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးလည်း ပါဝင်ပါတယ်။
ဦးထင်လင်းဦးဟာ စာပေဟောပြောပွဲတစ်ခုမှာ ဘာသာ သာသနာကို ညှိုးနွမ်းစေတဲ့ ပြောဆိုမှုတွေ ရှိခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပါတယ်။
မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
