0:00 / 0:00
ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ပထမအစီရင်ခံစာကို အချိန်မှီ ရေးဆွဲပေးပို့နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ မနက်ဖြန်မှာတော့ အရင်အစိုးရလက်ထက်က ဧရာဝတီမြစ်တလျှောက်က ရေအားလျှပ်စစ်စီမံကိန်းအကြောင်းတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့အစည်းအဝေးက ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးချိုချိုကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
