တရားမဝင် ပိုင်ရှင်မဲ့ သစ်တွေ ဖမ်းမိရင် သစ်တော အရာရှိတွေကို အရေးယူမည်

0:00 / 0:00

လက်ရှိအစိုးရသက်တမ်းတစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားမဝင်သစ်တန်ချိန် ၂၀၀၀ ကျော်ဖမ်းဆီးရမိထားပြီး ဖမ်းဆီးရမိတာတွေဟာ ပိုင်ရှင်မဲ့တွေသာ ဖြစ်နေတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်ဇော် က ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခိုးထုတ်နေမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်ဇော် ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။