ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ မေးမြန်းချက်

0:00 / 0:00

ပြည်သူ့လွှတ်တော်မှာ နိုင်ငံပိုင် စီမံကိန်းတွေ မြေနေရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုနဲ့ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်မှာ ရှင်းလင်းဖို့ မတက်ရောက်ခဲ့ပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က အစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို လေးစားသင့်ကြောင်း ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။