0:00 / 0:00
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးကို လားရှိုးမြို့ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်နေ့က ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ အိမ်တံခါးကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ဖို့နဲ့ မတောင်းပန်ရင် တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ UWSA က ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
UWSA ရဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။